Intermediate Level

Course Introduction

ဒီ course မှာ Design System တွေအကြောင်းကို သေချာလေ့လာနိုင်ဖို့ကစလို့ Design System တစ်ခုကို ကိုယ်တိုင်ဖန်တီးနိုင်အောင် လက်တွေ့လုပ်ရမယ့် သင်ခန်းစာတွေနဲ့ စုစုပေါင်းသင်တန်းချိန် ၁၁ ချိန်၊ နာရီပေါင်း ၁၆နာရီကျော် နဲ့ ၆ပတ်ကြာ သင်ယူရမယ့် Intermediate Level ရှိတဲ့ Intensive Training ပဲဖြစ်ပါတယ်။ အခုမှ အခြေခံကစလေ့လာမယ့်သူတွေအတွက်တော့ အရမ်းအဆင်ပြေမယ့် training မဟုတ်ပါဘူး။ Course outline ကိုတော့ အောက်မှာ အသေးစိတ်လေ့လာနိုင်ပါတယ်။

<aside> ❗ Registration opens until June 30.

</aside>


စာရင်းသွင်းဖို့အတွက် The Productive Schedule Facebook Page ကနေ Full Payment or Half-Payment ပေးသွင်းပြီး အတန်းအပ်နိုင်ပါတယ်။


Trainer Background

IMG_9886.jpg


သင်တန်းဖွင့်ရခြင်းရည်ရွယ်ချက်

ပွင့်ပွင့်လင်းလင်းပြောရရင်တော့ တောင်းဆိုတာများလို့ ဖွင့်ဖြစ်သွားတာပါ။ တောင်းဆိုတိုင်းလည်း ကိုယ့်စိတ်ကပါဦးမှလည်းဖြစ်ပါတယ်။

<aside> ⛅ အမတုန်းက Design Systems နဲ့ပတ်သက်လို့ လေ့လာချင်ရင် one stop လေ့လာလို့ရမယ့် နေရာလည်းမရှိသလို၊ English Language နဲ့လည်းဖြစ်တော့ လေ့လာတဲ့နေရာမှာ အချိန်အရမ်းအရမ်းကိုပေးရပါတယ်။

ပြီးတော့ များသောအားဖြင့် resource တွေရှာဖတ်ရင် company hat ဆောင်းထားတဲ့ article မျိုးတွေများပြီး solo designer တစ်ယောက်အနေနဲ့ apply လုပ်ဖို့က ခက်ခဲတာမျိုးတွေလည်းရှိတယ်။

Design Systems ဆိုတာ တစ်ယောက်ထဲနဲ့ ဖန်တီးနိုင်မယ့် အရာမျိုးလည်းမဟုတ်တော့ လောဘကြီးပြီး အကုန်သိမ်းကြုံး လုပ်မယ့်အစား ကိုယ့် product team တွေရဲ့ လိုအပ်ချက်ကိုပဲ ကိုက်ညီအောင် ဖန်တီးပေးရတဲ့အပိုင်းတွေလည်းရှိပါတယ်။

နောက်တစ်ခုက Design Systems နဲ့ပတ်သက်လို့ local ထဲမှာ ဆွေးနွေးတိုင်ပင်စရာအဖော်သိပ်မရှိတာလည်းပါတယ်။ (Collaborate လုပ်ချင်တာဖြစ်ဖြစ်၊ အတွေ့ကြုံဖလှယ်ချင်တာဖြစ်ဖြစ် အမကို connect လုပ်လို့ရပါတယ်နော်။)

</aside>

ဒါလေးတွေကတော့ Design Systems အတန်းလေးကို ဖွင့်ရတဲ့ အကြောင်းအရင်းလေးတွေပဲဖြစ်ပါတယ်။

Community မတောင့်သေးတဲ့အတွက်ဒီအတန်းကနေ graduate ဖြစ်တဲ့အခါကျရင်တော့ တစ်ယောက်နဲ့တစ်ယောက် သိထားတာတွေ ဖလှယ်ရင်း ပိုပြီးကျယ်ပြန့်လာဖို့ မျှော်လင့်ပါတယ်။ 🙌🏻

Organization တစ်ခုမှာ DS တစ်ခုရှိရခြင်းရဲ့ benefit က time-to-market ကို မြင့်တင်ပေးနိုင်တာမို့လို့ organization တွေမှာလည်း တွင်တွင်ကျယ်ကျယ် support ပေးလာဖို့လည်း မျှော်လင့်ပါတယ်။


Course Details